Skip to main content

Sunflower 2006

 Sunflower 2006


ကြည့်ပုံကြည့်နည်းမသိသေးသောသူများ အခုလင့်တွင်အရင်ကြည့်ပေးပါ။ အသေးစိတ်ရှင်းပြပေးထားပါတယ်။ ကျွန်တော်တို့ youtube channel လေးကိုSubscribe လုပ်ပေးခြင်းဖြင့် ကျွန်တော်တို့ကိုထောက်ပံ့နိုင်ပါသည်

https://youtu.be/kCOwGPoQ3ok

ကိုရီးယားကားတွေကြည့်ရင်းခုတစ်လောမှ သတိထားမိတဲ့အကြောင်းတွေရှိတယ် သူတို့ဇတ်ကားတော်တော်များများ

မှာ ပုစ္ဆာလေးတွေ မေးခွန်းလေးတွေ မြှုတ်ကွက်လေးတွေနဲ့တည်ဆောက်ထားတယ် ဇတ်အိမ်ကြီးကြီးမားမား မရှိရင်တောင်

အထက်ပါအကြောင်းအကြောင်းအရာများကြောင့် ဆွဲဆောင်မှုအရမ်းကောင်းတယ် ကြည့်ရှုသူပရိတ်သတ်ကို စဉ်းစားစေရင်း

ခံစားစေရင်း မျှော်လင့်စေရင်းနဲ့ ဇတ်သိမ်းပိုင်းထိဆွဲခေါ်သွားတယ်….

ဒီကားကတော့ ဇတ်အိမ်လည်းကောင်း မင်းသားကလည်း ဟားဗတ်ဇတ်လမ်းတွဲနဲ့လူသိများတဲ့ မင်းသားကြီး Rae-won Kim ကအဓိကသရုပ်ဆောင်ထားတယ်

ရထားပေါ်မှာ လူငယ်တစ်ယောက်ဟာ စာအုပ်လေးဖတ်ရင်း ပါးစပ်ကရေရွတ်နေတယ် နောက်ဘယ်တော့မှရန်မဖြစ်တော့ဘူး

နောက်ဘယ်တော့မှ မသောက်တော့ဘူး နောက်ဘယ်တော့မှ မငိုတော့ဘူးဆိုတဲ့စကားတွေပေါ့ သူပုံစံကြည့်ရတာ ပီဘီကလေး

ငယ်လေးနဲ့တူတယ် ခပ်ကုတ်ကုတ်နဲ့အားလုံးကိုကြောက်ရွံနေတဲ့ပုံ….

တကယ်တော့သူဟာ အတိတ်တုန်းက တမြို့လုံးကြာက်ရတဲ့လူမိုက်…လူသတ်မှုဖြစ်လို့ထောင် ၁၀ နှစ်ကျရာကနေ လွတ်ရက်စေ့လို့ဇာတိမြို့ကိုပြန်လာခဲ့တယ်..သူဟာမိဘမဲ့သူဖြစ်ပေမဲ့ ဆက်ပြီးမမိုက်ချင်တော့လို့ လူမိုက်ဂိုဏ်းအဖွဲ့တွေဆီသွားမနေပဲသူ့ကိုချစ်တဲ့မိသားစုတစ်စုအိမ်မှာသွားနေခဲ့တယ် အဲ့ဒီအိမ်လေးမှာ

စားသောက်ဆိုင်လေးလည်းရှိတယ် အဲ့ဒီဆိုင်လေးရဲ့နာမည်က နေကြာပန်းတဲ့…တကယ်တော့ အဲ့ဒီဆိုင်ဟာ အန္တရယ်ဆိုးကြီးကျရောက်နေတယ် အဲ့ဒါကဘာလဲဆိုတော့ လွှတ်တော်အမတ်လုပ်မဲ့သူတစ်ယောက် က အဲ့ဒီဆိုင်ကိုသိမ်းယူဖျက်ဆီးပြီး အဆောက်အဦးတစ်ခုဆောက်ချင်လို့ပါပဲ….ကဲ လူလိမ္မာလေးတစ်ယောက်အတိတ်တုန်းက ဘာလိုတွေမိုက်ခဲ့လဲ သူ့ကိုမွေးစားခဲ့တဲ့မိသားစုနဲ့ရောဘယ်လိုပတ်မှုရှိလဲ အမတ်လုပ်မဲ့လူနဲ့အတူရှိတဲ့ ဂိုဏ်းစတားအဖွဲ့တွေကိုရောဘယ်လိုရင်ဆိုင်မလဲဆိုတာတော့ ပရိတ်သတ်ကြီးခံစားကြည့်လိုက်ပါဦး တစ်ခုတော့ကြိုပြောပါရစေ ကြည့်ပြီးရင်တော့ ခင်ဗျားမှာနှလုံးသားရှိသေးသားပဲဆိုတာ ကိုယ့်ကိုကိုယ်အသိအမှတ်ပြုမိလိမ့်မယ်


တင်ထားသမျှရုပ်ရှင်များကိုကြည့်လိုပါက ဒီမှာကြည့်ပါ


Sunflower

Comments